Thank you very much indeed for your donation...............လှူဒန်းမှုအစုစုအတွက် အထူးကျေးဇူးတင်ရှိပါသည်။...............どもありがとうございました!

Sunday, June 15, 2008

အလှူငွေ များသွားရောက်ကောက်ခံ။


ဂျပန်နိုင်ငံတက္ကသိုလ်များတွင် ပညာသင်ကြားလျက် ရှိသော နိုင်ငံခြား ကျောင်းသား များအား ပညာသင် ထောက်ပံ့ကြေးများ ချီးမြှင့်နေသည့် Rotary အသင်းမှ ဆိုင်တမတက္ကသိုလ် မြန်မာကျောင်းသားများ ၏ နာဂစ်မုန်တိုင်း ဒုက္ခသည်များ အတွက် အ၀တ်အထည်များ ပေးပို့ လှူဒန်းမည့် အစီအစဉ်ကို အင်တိုက်အားတိုက် ကူညီလျက် ရှိနေပါသည်။ ၁၃.၀၆. ၂၀၀၈ နေ့တွင်လည်း ဆိုင်တမခရိုင် Kawaguchi မြို့တွင် ကျင်းပပြုလုပ်သည့် goudou kaikei Co., Ltd (http://www.godoh.co.jp) ၏ နှစ်ပတ်လည် အစည်းအဝေးပွဲတွင် သွားရောက် အလှူခံနိုင်ရန် Rotary အသင်းမှ စီစဉ်ပေးခဲ့ပါသည်။ ဆိုင်တမ တက္ကသိုလ်မှ ကျောင်းသူကျောင်းသား (၂) ဦးနှင့် အတူ တိုကျိုမြို့ရှိ အခြားကျောင်းများတွင် ပညာသင်ကြားလျက် ရှိနေကြသည့် မအေးအေးသျှင်၊ ကိုကျော်စိုးလင်း နှင့် နေခြည်စိုးလှိုင် တို့မှလဲ တကူးတက လာရောက်၍ ပါဝင်ကူညီ ပေးခဲ့ပါသည်။ အစည်းအဝေး တက်ရောက် လာကြသူများမှ မြန်မာနိုင်ငံမှ နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် အ၀တ်အထည်များ ပေးပို့စရိတ် အလှူငွေ ယန်း (၉၀၀၀၀) ခန့် ထည့်ဝင် လှူဒန်း သွားကြောင်း သိရှိရပါသည်။

No comments: