Thank you very much indeed for your donation...............လှူဒန်းမှုအစုစုအတွက် အထူးကျေးဇူးတင်ရှိပါသည်။...............どもありがとうございました!

Friday, June 13, 2008

မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ကော်မတီ သို့ ဆက်သွယ်လှူဒန်းနိုင်ပါသည်။

သဘာဝဘေးအန္တရာယ် ဒဏ်ခံရသူများအား အဖက်ဖက်မှ (ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး) ကူညီဆောင်ရွက် နိုင်ရန်၊ ဒုက္ခသည် သက်ကြီးရွယ်အိုများ၊ မိဘမဲ့ ကလေးများအား ထောက်ပံ့ကူညီရန်၊ ဘူမိသိပ္ပံ နည်းပညာ ပံ့ပိုးမှုဖြင့် ဒုက္ခသည်များ ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် အားပေးကူညီရန် အတွက် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း မှ သဘာဝဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေး ကော်မတီ ကိုဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ကော်မတီ၏ အကြံပေး အဖွဲ့ဝင်များ အဖြစ် ဒေါက်တာဦးသိန်း၊ ဒေါက်တာ ဦးဝင်း ဆွေ၊ ဒေါက်တာဦးသင်း၊ ဦးစိုးမြင့်၊ ဦးသန်းဌေး၊ ဦးလှမင်း၊ ကြီးကြပ်ကွပ်ကဲရေး အဖွဲ့ဝင်များ အဖြစ် ဦးကြိုင်စိန်၊ ဦးသိန်းဝင်း၊ ဦးတင်ကျော်သန်း၊ ဦးတင့်နောင်၊ ဦးမင်းဆွေ၊ ဦးဇော်ဝင်း နှင့် လုပ်ငန်းကော်မတီတွင် ဥက္ကဌ ဦးအေးလွင်၊ အတွင်းရေးမှုး ဦးရဲမြတ်စိုး၊ တွဲဘက် အတွင်းရေးမှုး (၁) ဦးဇော်ဝင်းဦး၊ တွဲဖက် အတွင်းရေးမှုး (၂) ဦးစိုးသူရထွန်း တို့ ပါဝင် ကြကြောင်းလည်း သိရှိ ရပါသည်။ နာဂစ်မုန်းတိုင်း ဒဏ်ခံရသော ပြည်သူများ အတွက် ငွေအား၊ လူအား၊ ပစ္စည်းအား တို့ဖြင့် ပါဝင်နိုင်ရန် အဆိုပါ ကော်မတီနှင့် ဆက်သွယ်ရန် ဖိတ်ခေါ်ထားကြောင်း လေ့လာ သိရှိရ ပါသည်။

1 comment:

Philip Htoon said...

Myanmar Burma Relief Organization (MBRO) www.myanmarburmarelief.org is looking forward to working together with MGS in helping out the needy people.

Philip Htoon
MBRO Founder
Scottsdale, Arizona
phtoon@cox.net