During one month period of charity clothes collection for Nargis Cyclone victims, we have faced many challenges and difficulties at every stage that we have passed through. Accordingly, our focus and priority had to move from one sector to another as the activity progressed. The shortage of temporary storage area has been our primary concern while in collection. But after the time opened for donation, our major concern was changed to load a massive numbers of boxes of various sizes on the trucks for the shipment. The amount we received during the one month period was far more beyond our expectation, which is estimated to be more than 30 tons, indicating that love and thoughts of societies thousands of miles apart are with Myanmar Cyclone Victims. As a result, simply the vacant rooms in International house could not accommodate all and the rest has to be dumped in the spaces under the staircases. Having seen them everyday, worries developed at us and grew further for intensive loading requirement as the day was getting close.
Unfortunately, this is also a time for most graduate students in Japan to submit their thesis or finalize their research papers to get the international publication for the degree. But their sympathy and dedications to the victims has overcome their commitments for routine study and special research program. When students from Myanmar students association (Tokyo) have seen the situation, they showed how keen they were to join us with as much students as they can gather to help us in loading. Also, being the good friends of Myanmar students, foreign students form various research rooms and departments have showed their concerns no less than others and promised to show up in time. But the numbers of people were still out reach from the work load.
When the trucks came in the afternoon last monday, there were around 15 students including local and those from other universities. But more students joined in when the work was in progress. With the great help of our friends from Korea, Egypt, Malaysia, Iran, Ethiopia, Indonesia, Sri Lanka, China and Japan, half of the collections were managed to load on the trucks, which lined up one after another until the dark came. This made us possible to dispatch the first container from Japan on 2nd July to the effected area, and estimated to arrive Yangon port on 20th July.
The success of our charity collection owed a great deal to many individuals and organizations which are too numerous to mention. In several occasions during this one month period, every communities, NGOs and individuals have shown their serious concern to the relief effort with generous donations and noble assistance to us. In particular, the enthusiastic support and unprecedent help of International Rotary Club during the whole period is remarkable and unforgettable to all of us. Also without the continuous support of International house (Saitama University) and a great deal of contribution from Kyoei Co. Ltd in terms of time and materials, this activity would go only to a certain limit. The direct and indirect contributions of all Myanmar students in Japan were immensely helpful. Their valuable time, untiring strength, invaluable suggestions for improvement at various stages and comradeship have been a most important substance for us throughout the entire time and lead to the success of this activity.
Monday, June 23, 2008
Sunday, June 15, 2008
ဆိုင်တမရဲ့ ဒီစနေ....
လွန်ခဲ့တဲ့ လ ကစပြီး ဒီကနေ့ အထိ အ၀တ်အထည် တွေ အလှူခံခဲ့တဲ့ အချိန်အတွင်းမှာ မှတ်မှတ်သားသားကို အလုပ်ရှုပ် သွားတာကတော့ မနေ့က (စနေနေ့) ပါဘဲ။ အ၀တ်အထည် တွေကို စနေနေ့ နေ့လည်မှာ ထရပ်ကားတွေ နဲ့ စင်းလုံးတိုက် လာလှူမယ်လို့ ကြိုတင် ဖုန်းဆက် အကြောင်းထား တာက သောကြာနေ့ အထိ volunteer (၃) ဖွဲ့ဘဲ ရှိခဲ့တာပါ။ ဒါပေမဲ့ မနက် (၈) နာရီလောက် ကစပြီး တော့ တခြား အလှူရှင် တွေဆီကနေ ဖုန်းတွေ ဆက်တိုက် ဆိုသလိုဘဲ ၀င်လာပါတော့တယ်။ အခုထွက် လာပြီဖြစ်တဲ့ အကြောင်း၊ နောက်ထပ် နာရီဝက် အတွင်းမှာ ကျောင်းအဆောင် ကို ရောက်လာမှာ ဖြစ်တဲ့ အကြောင်း၊ အ၀တ်အစားတွေ ပုံးတွေနဲ့ အတော်များများ ပါတဲ့ အတွက် အဆောင်မှာ စောင့်နေကြ စေလိုတယ် ဆိုတယ်တာ တွေကို အကြောင်းကြား လာကြပါတယ်။
ကံကောင်းတာ ကတော့ ကျွန်တော်ကလဲ အဲဒီနေ့မှာမှ ဖြစ်တောင့် ဖြစ်ခဲ နာရီမှားကြည့် ပြီး ၆ နာရီ ခွဲ လောက် ကတည်းက နိုးနေပါတယ်။ ဒါကြောင့် ချက်ခြင်းဘဲ တခြား သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး အဆောင်မှာ သွားစောင့်နေလိုက်ပါတယ်။ မကြာခင်မှာဘဲ ဆိုင်တမခရိုင် အတွင်းက volunteer အဖွဲ့တွေ ထရပ်ကား(၃) စီးနဲ့ တပြိုင်နက်ထဲမှာ အပြိုင်အဆိုင် ဆိုသလို ရောက်လာ ကြပါတယ်။ ပစ္စည်းတွေ ထားမဲ့ အခန်းနဲ့ အနီးဆုံး နေရာမှာ ကားတွေထိုးပြီး တာနဲ့ အားလုံးဘဲ လက်မလည်အောင် ပစ္စည်းတွေချ နေတဲ့ အချိန်အတွင်းမှာ ကိုဘဲ နောက်ထပ် လာပို့တဲ့ အဖွဲ့တွေ က အဆောင်ထိ မလာတက်လို့ ကျောင်းနားက ကားပါကင် မှာ တစ်ချို့၊ ကျောင်းဂိတ်ဝမှာ တစ်ချို့ စောင့်နေတယ် ဆိုတာတွေကို ဖုန်းဆက် လာကြပြန်ပါတယ်။ လမ်းညွှန်ပေး ပေမဲ့လည်း မလာတက်ဘူး ဘဲ ပြောနေတော့ လူခွဲပြီး လိုက်ခေါ်ရ၊ ရောက်လာတော့လည်း တခါပါလာတဲ့ ပစ္စည်းတွေ ချရ၊ ပြီးတော့ ခါးကျိုးမတက် ကျေးဇူးတင်စကားတွေ ပြောရနဲ့ နေ့လည်လောက် ရောက်တော့ အားလုံးဘဲ ဟိုက်နေကြပါတယ်။
ကားတွေ အနည်းငယ် ရှင်းသွားတဲ့ နေ့လည် (၁) နာရီ လောက်မှာတော့ ပစ္စည်းတွေက တောင်ပုံရာပုံ ဖြစ်နေပြီး၊ International House ကပေးထားတဲ့ Family Room အခန်းလွတ် (၂) ခုနဲ့ Assembly Hall တစ်ခုလုံးလဲ ထားစရာ မရှိတော့ လောက်အောင် ပြည့်သွားပါတော့တယ်။ အဆောင်မှာ အခန်းလွတ်တွေ ရှိသေးလား၊ မရှိတော့ဘူးလား ကလည်းမသေချာ၊ အားလုံးလည်း ကြံရာမရကြနဲ့ နောက်ထပ် တခန်းထပ်တောင်းဖို့ အားယူနေတုန်း မှာဘဲ မြန်မာတွေကို အင်မတန် စာနာနေတဲ့ Ihouse Staff တွေက အဆောင်ရဲ့ နောက်ဆုံး အခန်းလွတ် တစ်ခုကို သုံးဖို့ ဖွင့်ပေးလိုက် တဲ့အတွက် ပစ္စည်းထားမဲ့ နေရာ အခက်အခဲက ပြေလည်သွားခဲ့ပါတယ်။ ဒါနဲ့ ခဏနားကြပြီး မကြာခင် အချိန်မှာ နောက်ထပ် လာရောက် လှူဒန်းမဲ့ Rotary အသင်းရဲ့ Katsukabe Club က ဥက္ကဌ နဲ့ လူကြီးတွေကို ထမင်းစားခန်း ထဲမှာ ဧည့်ခံ စကားပြောဖို့ စားပွဲတွေ ကုလားထိုင်တွေ ပြင်ရပါတယ်။ ပြောထားတဲ့ အချိန်မှာဘဲ ရောက်လာကြပြီး ပြင်ဆင်ထားတဲ့ အခန်းထဲမှာ ၄င်းတို့ အဖွဲ့ရဲ့ အကြောင်း၊ လှူဒန်းရတဲ့ ရည်ရွယ်ချက် စတာတွေကို ရှင်းလင်း ပြောပြပါတယ်။ အဲလို ပြောနေတဲ့ အချိန်တွင်းမှာ ဘဲ နောက်ထပ် ကားတွေ ထပ်ရောက်လာလို့ မိန်းကလေးတွေ ဘဲချန်ထား ခဲ့ပြီး ကျန်တဲ့လူ အကုန် ပစ္စည်းတွေ ပြေးချရ ပြန်ပါတယ်။ အဲဒီအချိန် မှာဘဲ ဂွန်းမခရိုင်၊ နိဂတ၊ တကာစကီ စတဲ့ နေရာတွေ ကနေ ထရပ်ကား အငယ်စားတွေ နဲ့ထပ်ထပ်ပြီး ရောက်လာ လို့ အခန်းထဲမှာ ကျန်ခဲ့တဲ့ မိန်းကလေးတွေရော ဧည့်သည်တွေပါ အပြင်ထွက် လာပြီး အားပေး လိုက်ရပါတော့တယ်။ ပြီးတော့ အပြင်မှာဘဲ ဘယ်ကိုပို့ပြီး လှူမလဲ၊ ဘယ်လို လှူမလဲ၊ စတာတွေ မေးမြန်းပြီး ပြန်သွား ကြရပါတယ်။ သူတို့လဲ ကျွန်တော်တို့ ဒီမှာ လုပ်နေတဲ့ ပမာဏနဲ့ အတိုင်းအတာ ကိုတွေ့သွားပြီး လိုအပ်တာတွေ ကို ဆက်လက် အကူအညီ ပေးသွားမယ်လို့ ပြောသွားပါတယ်။
ညနေ (၅) နာရီ လောက်မှာ ကားတွေလာတာ ရပ်သွားလို့ လဲနားဖို့ရာ စိတ်ကူးဖို့ တောင် အချိန်မရ လိုက်ကြပါဘူး။ အခန်းတွေ ထဲမှာ ထားစရာ ပစ္စည်းတွေက ဖရိုဖရဲနဲ့ ကျပ်နေလို့ ပြန်စီရ ပြန်ပါတယ်။ ကျွပ်ကျွပ်အိတ်တွေ၊ စက္ကူအိတ်တွေ နဲ့ ရောက်လာတာတွေ ကို ကတ်ထူပုံးတွေ ထဲ ထည့် ဖို့ ကလဲ ဦးစားပေး လုပ်ဖို့ လိုလာပါတယ်။ ဒါနဲ့ဘဲကျွန်တော်တို့ (၃) ယောက်လောက်က ကျောင်းနားတ၀ိုက် က စတိုးဆိုင်ကြီး တွေမှာ ပုံးအလွတ် တွေ သွားတောင်းဘို့ လက်တွန်းလှည်း တွေ နဲ့ ချက်ခြင်းဘဲ ထွက်ရပြန်ပါတယ်။ အားလုံးစားဖို့ ညနေစာ ချက်တဲ့ (၂) ယောက်က လွဲပြီး ကျန်ခဲ့တဲ့ လူတွေအားလုံး လဲ ပစ္စည်းတွေ ထားတဲ့ အခန်းတွေထဲ ၀င်ပြီး အိတ်ထဲက အ၀တ်တွေကို ကတ်ထူပုံးတွေ ထဲ ထည့်ရပါတော့တယ်။ အနီးအနားက ဆိုင်တွေကနေ တောင်းလို့ ရလာတဲ့ ပုံးတွေထဲကို တစ်ခါ ၀ိုင်းထည့် လိုက်ကြတာ ခဏနဲ့ ပြတ်သွားပြီး၊ ထည့်စရာတွေ က တောင်လိုပုံ နေသေးတာမို့ အဖွဲ့တွေ ခွဲပြီး ခပ်ဝေးဝေးက စတိုးဆိုင်တွေ နဲ့ ကျောင်းဝင်း အတွင်းမှာ နောက်တစ်ခါ ကတ်ထူပုံး ရှာပုံတော် ဖွင့်ရပြန်ပါတယ်။
ကတ်ထူပုံးချပ် တွေတင်ထား တဲ့ လက်တွန်းလှည်းကြီးတွေနဲ့ လမ်းပိတ်ပြီးသွားနေ တဲ့ ကျွန်တော်တို့ဟာ စိတ်မရှည်တဲ့ စက်ဘီးပေါ်က ဂျပန်မတွေရဲ့ ဘုရှိတ် ရှိတ်သွား တာတွေကိုလည်း လမ်းတလျောက်လုံး မကြာခဏ ကြုံခဲ့ရပါသေးတယ်။ ဒါတွေကို လျစ်လျူရှုပြီး အားကြိုးမာန်တက် တွန်းလာလိုက်တာ ပြန်ရောက်တော့ (၈) နာရီ ထိုးခါနီး နေပါပြီ။ အထုတ်တွေဖြည် ပုံးတွေထဲ ဆက်ထည့်နဲ့ (၈) နာရီ ခွဲလောက်မှာ ထမင်းချက်တဲ့ အဖွဲ့က စားလို့ ရပြီလို့ လာပြောတော့ လုပ်လက်စ ခဏရပ်ပြီး ချက်ထားတဲ့ နန်းကြီးသုတ် နဲ့ အုန်းနို့် ခေါက်ဆွဲဟင်းရည် ကို ၀ိုင်းပြီး အားပေးလိုက်တာ လောက်တောင် မလောက်ပါဘူး။ ပြီးတာနဲ့ ခေါက်ဆွဲပြား တောင် သိပ်မစီ လိုက်ရဘဲ ဆက်လုပ် လိုက်ကြတာ ည (၁၀) နာရီခွဲ လောက်မှာ ပြီးသလောက်ရှိ သွားပြီး၊ (၁၁) နာရီလောက်မှာ လက်စ သတ်နိုင် ခဲ့ကြပါတယ်။ အ၀တ်တွေ အားလုံးလည်း ပုံးတွေထဲ ရောက်သွားသလို သေသေချာချာ ထပ်ပြီးစီလိုက်တော့ နေရာတွေ ထွက်လာပါတယ်။ ဒီတော့မှ နောက်ထပ် ရောက်လာနိုင်တဲ့ ပမာဏ အတွက် နည်းနည်းလေး စိတ်အေး သွားနိုင်ခဲ့ကြပါတယ်။ ညကလဲနက်နေ၊ အားလုံးလဲ အတော်လေးကို ပင်ပန်း နေကြလို့ ရှေ့ဆက်လုပ် ရမှာတွေကို အတိုချုပ်ဆွေးနွေးပြီး လူစုခွဲလိုက်တော့ တောင်မှ တနင်္ဂနွေနေ့ ထဲအထိ ရောက်သွားခဲ့ ပါသေးတယ်။
ကိုကိုအောင်

Labels:
News
ပထမဆုံးသော အ၀တ်အထည် container ကို မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း သို့ ပေးပို့မည်။
ဆိုင်တမတက္ကသိုလ် မြန်မာကျောင်းသား များမှ အလှူခံ စုဆောင်းလျက် ရှိသော အ၀တ်အထည်များ မှာ ယခုအခါတွင် တန် (၂၀) ကျော် (၃၀) နီးပါးခန့် ရရှိနေ ပါသည်။ အ၀တ်အထည် (၁၀) တန်ကျော် ပါဝင်သော ပထမဆုံးသော container ကို ယခုလ နောက်ဆုံး သီတင်းပတ်တွင် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း သို့ပေးပို့ပြီး၊ ဘူမိသိပ္ပံအသင်း ၏ သဘာဝဘေးအန္တရာယ် အကူအညီပေးရေး ကော်မတီ အစီအစဉ်ဖြင့် နာဂစ်မုန်တိုင်း ဒုက္ခသည်များ ထံသို့ ဖြန့်ဝေ လှူဒန်း သွားမည် ဖြစ်ပါသည်။ ဒုတိယနှင့် တတိယ container များကိုလည်း ဆက်လက်၍ အမြန်ဆုံးပေးပို့သွားရန် စီစဉ်လျက် ရှိပါသည်။
Labels:
News
အလှူငွေ များသွားရောက်ကောက်ခံ။
ဂျပန်နိုင်ငံတက္ကသိုလ်များတွင် ပညာသင်ကြားလျက် ရှိသော နိုင်ငံခြား ကျောင်းသား များအား ပညာသင် ထောက်ပံ့ကြေးများ ချီးမြှင့်နေသည့် Rotary အသင်းမှ ဆိုင်တမတက္ကသိုလ် မြန်မာကျောင်းသားများ ၏ နာဂစ်မုန်တိုင်း ဒုက္ခသည်များ အတွက် အ၀တ်အထည်များ ပေးပို့ လှူဒန်းမည့် အစီအစဉ်ကို အင်တိုက်အားတိုက် ကူညီလျက် ရှိနေပါသည်။ ၁၃.၀၆. ၂၀၀၈ နေ့တွင်လည်း ဆိုင်တမခရိုင် Kawaguchi မြို့တွင် ကျင်းပပြုလုပ်သည့် goudou kaikei Co., Ltd (http://www.godoh.co.jp) ၏ နှစ်ပတ်လည် အစည်းအဝေးပွဲတွင် သွားရောက် အလှူခံနိုင်ရန် Rotary အသင်းမှ စီစဉ်ပေးခဲ့ပါသည်။ ဆိုင်တမ တက္ကသိုလ်မှ ကျောင်းသူကျောင်းသား (၂) ဦးနှင့် အတူ တိုကျိုမြို့ရှိ အခြားကျောင်းများတွင် ပညာသင်ကြားလျက် ရှိနေကြသည့် မအေးအေးသျှင်၊ ကိုကျော်စိုးလင်း နှင့် နေခြည်စိုးလှိုင် တို့မှလဲ တကူးတက လာရောက်၍ ပါဝင်ကူညီ ပေးခဲ့ပါသည်။ အစည်းအဝေး တက်ရောက် လာကြသူများမှ မြန်မာနိုင်ငံမှ နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် အ၀တ်အထည်များ ပေးပို့စရိတ် အလှူငွေ ယန်း (၉၀၀၀၀) ခန့် ထည့်ဝင် လှူဒန်း သွားကြောင်း သိရှိရပါသည်။
Labels:
News
Friday, June 13, 2008
မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ကော်မတီ သို့ ဆက်သွယ်လှူဒန်းနိုင်ပါသည်။
သဘာဝဘေးအန္တရာယ် ဒဏ်ခံရသူများအား အဖက်ဖက်မှ (ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး) ကူညီဆောင်ရွက် နိုင်ရန်၊ ဒုက္ခသည် သက်ကြီးရွယ်အိုများ၊ မိဘမဲ့ ကလေးများအား ထောက်ပံ့ကူညီရန်၊ ဘူမိသိပ္ပံ နည်းပညာ ပံ့ပိုးမှုဖြင့် ဒုက္ခသည်များ ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် အားပေးကူညီရန် အတွက် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း မှ သဘာဝဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေး ကော်မတီ ကိုဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ကော်မတီ၏ အကြံပေး အဖွဲ့ဝင်များ အဖြစ် ဒေါက်တာဦးသိန်း၊ ဒေါက်တာ ဦးဝင်း ဆွေ၊ ဒေါက်တာဦးသင်း၊ ဦးစိုးမြင့်၊ ဦးသန်းဌေး၊ ဦးလှမင်း၊ ကြီးကြပ်ကွပ်ကဲရေး အဖွဲ့ဝင်များ အဖြစ် ဦးကြိုင်စိန်၊ ဦးသိန်းဝင်း၊ ဦးတင်ကျော်သန်း၊ ဦးတင့်နောင်၊ ဦးမင်းဆွေ၊ ဦးဇော်ဝင်း နှင့် လုပ်ငန်းကော်မတီတွင် ဥက္ကဌ ဦးအေးလွင်၊ အတွင်းရေးမှုး ဦးရဲမြတ်စိုး၊ တွဲဘက် အတွင်းရေးမှုး (၁) ဦးဇော်ဝင်းဦး၊ တွဲဖက် အတွင်းရေးမှုး (၂) ဦးစိုးသူရထွန်း တို့ ပါဝင် ကြကြောင်းလည်း သိရှိ ရပါသည်။ နာဂစ်မုန်းတိုင်း ဒဏ်ခံရသော ပြည်သူများ အတွက် ငွေအား၊ လူအား၊ ပစ္စည်းအား တို့ဖြင့် ပါဝင်နိုင်ရန် အဆိုပါ ကော်မတီနှင့် ဆက်သွယ်ရန် ဖိတ်ခေါ်ထားကြောင်း လေ့လာ သိရှိရ ပါသည်။
Labels:
News
Tuesday, June 10, 2008
ဆိုင်တမတက္ကသိုလ် ကိုးရီးယားကျောင်းသားများ အဖွဲ့မှ လာရောက်လှုဒန်း။
မြန်မာနိုင်ငံမှ နာဂစ်မုန်တိုင်း ဒုက္ခသည်များ အတွက် ဆိုင်တမတက္ကသိုလ် ကိုးရီးယားကျောင်းသားများအဖွဲ့ (埼玉大学韓国留学生会)မှ လှုဒန်းသည့် ကလေးသုံး ပစ္စည်းများနှင့် အ၀တ်အထည်များ အပါအ၀င် ကျားမ၀တ်အင်္ကျီအစုံ (၁၀၀) ကျော် ကို Mr. Ahn Chan Wang (ဒုတိယနှစ် မဟာအင်ဂျင်နီယာ) မှ ယနေ့ ညနေခင်း (၁၀.၀၆.၂၀၀၈) တွင် ဆိုင်တမတက္ကသိုလ် နိုင်ငံတကာ ကျောင်းသားများ အဆောင်သို့ လာရောက်ပေးပို့ လှုဒန်းသွားပါသည်။
Labels:
News
Friday, June 6, 2008
သီတဂူဆရာတော် Australia နိုင်ငံ Perth မြို့တွင် ရောက်ရှိ နေသည်။
သီတဂူဆရာတော်ကြီး Australia နိုင်ငံ Perth မြို့မှာ ရှိနေပါတယ်လို့ ဂျပန်မှာရှိတဲ့ ဒယကာရင်း တစ်ယောက်ထံမှ email ရောက်လာပါတယ်။ အလှူငွေကိစ္စနှင့် တခြား သိချင်တာများ ရှိပါက ဖုန်းဆက်နိုင်ပါတယ် လို့လဲဆိုပါတယ်။
သီတဂူဆရာတော်ကြီး၏ လက်ကိုင်ဖုန်း ( Australia ) +61 4139 555 73
ဆရာတော်ကြီး ဂျပန်ကို ကြွရောက်လာမဲ့ အစီအစဉ် အသေးစိတ်နှင့် ပတ်သတ်ပြီး စုံစမ်းမေးမြန်း လိုလျှင် ....
ကိုနိုင်အေး (၀၈၀-၆၇၆၈-၅၂၉၆)
သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရပါသည်။

Monday, June 2, 2008
တိုကျိုစိုက်ပျိုးရေးနှင့် နည်းပညာတက္ကသိုလ် မှ ပါဝင်ကူညီ။
တိုကျိုစိုက်ပျိုးရေးနှင့် နည်းပညာတက္ကသိုလ် ( Tokyo University of Agriculture and Technology) (能工大) တွင် ပညာသင်ကြားလျက် ရှိသော စိုက်ပျိုးရေးအထူးပြု မြန်မာကျောင်းသူများ မှ ၎င်းတို့ တက္ကသိုလ်နှင့် နေထိုင်ရာမြို့နယ် အတွင်းမှ စုဆောင်းကောက်ခံ ရရှိသော အ၀တ် အထည်များနှင့် အလှူငွေ ယန်း(၂၈,၀၀၀) ကို ယနေ့နံနက်တွင် ဆိုင်တမ တက္ကသိုလ် ထိ လာရောက်ပေးပို့ လှူဒန်းသွားပါသည်။
Labels:
News
အ၀တ်အထည်များ (၁) တန်ကျော် ရရှိ။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ (၁.၀၆.၂၀၀၈) မှာလဲ မြန်မာကျောင်းသားများ စုပေါင်းပြီး ထပ်မံရောက်ရှိလာသည့် အ၀တ်အထည်များ ကို အဆောင်အတွင်း၌ စနစ်တကျ ထုတ်ပိုးပြင်ဆင် ခဲ့ပါသည်။ ငွေကြေးနှင့် အ၀တ်အထည် လှူဒန်းမှုများ တစ်နေ့ထက် တစ်နေ့ တိုးတက်များပြား လာသဖြင့် လက်မလည်နိုင်အောင် ဘဲရှိနေသလို ကျောင်းအဆောင်မှာ စုစည်းထားသည့် အ၀တ်အထည် များမှာတင် (၁) တန် ကျော်ရရှိနေပြီဖြစ်ကြောင်း ကိုလည်း သတင်းကောင်း ပါးလိုက်ပါသည်။ ထို့နည်းတူ အလှူငွေကောက်ခံ ထားသည် မှာလဲ (၁၅) သောင်းခန့် ရရှိနေပါသည်။ လာမည့် သီတင်းပတ် အတွင်း၌လည်း ဆိုင်တမတက္ကသိုလ် အတွင်း အလှူငွေ ဆက်လက် ကောက်ခံရန် စီစဉ်လျက် ရှိပါသည်။ ဆိုင်တမတက္ကသိုလ်ရှိ မြန်မာကျောင်းသားများ အနေနှင့် ယခုကဲ့သို့ အချိန်တိုအတွင်း အ၀တ်အထည်နှင့် အလှူငွေများ မြောက်မြားစွာ စုဆောင်း ကောက်ခံ နိုင်ခြင်း မှာလည်း တခြားတက္ကသိုလ်များ မှ မြန်မာကျောင်းသား ကျောင်းသူများ၊ မြန်မာလူမျိုးများ ၏ အင်တိုက်အားတိုက် ပါဝင် ကူညီမှုများ ကြောင့် ဖြစ်ပါသည်။ ဘွဲ့ယူစာတမ်း၊ သုတေသနစာတမ်း များ ပေးအပ်ရန် အချိနအလွန် နီးကပ်နေသည့် ကျောင်းသား၊ကျောင်းသူများပင် တကူးတကပါဝင် လက်တွဲ ဆောင်ရွက် နေသည်များကို ကြုံရ၊ ကြားရသဖြင့် လဲ ၀မ်းသာ ဂုဏ်ယူမိပါသည်။ ဆက်လက်၍ ပါဝင်ကူညီ ဆောင်ရွက်မည် ဟုလည်း တထစ်ချ ယုံကြည်ပါသည်။
ထို့အတူ ကျွန်တော်တို့ မြန်မာလူမျိုးများ ဂျပန်နိုင်ငံတ၀ှမ်း အလျဉ်းသင့် သလို ပြုလုပ်နေကြသည့် ဆိုင်ကလုန်း ဘေးဒုက္ခသည်များ အတွက် အလှူခံ မှုများပြုလုပ်ရာတွင် ဂျပန်လူမျိုးများ ၏ အားတက်သရော ၀ိုင်းဝန်းကူညီ ထောက်ပံ့ပေးမှုများကို တွေ့မြင် ကြုံတွေ့ရလျက် ရှိပါသည်။ ကျွန်တော်တို့ အ၀တ်အထည်များ ထပ်မံပြင်ဆင် ထုတ်ပိုးသည့် တနင်္ဂနွေ နေ့ ၌ လည်း ဆိုင်တမနေ့စဉ် သတင်းစာမှ လက်ရှိဆောင်ရွက် နေမှုများကို လာရောက်လေ့လာ မေးမြန်းခဲ့ပြီး၊ ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ယခုသီတင်းပတ် အကုန်တွင် ၎င်းတို့၏ သတင်းစာ၌ ထည့်သွင်းဖော်ပြ ပေးသွားမည် ဟုသိရှိရပါသည်။ ဤကဲ့သို့ ၀ိုင်းဝန်း ပံ့ပိုးကူညီမှုများ ကြောင့် ဆိုင်တမခရိုင် အတွင်းရှိ ဂျပန်လုပ်ငန်းရှင် များထံ မှ လည်း အ၀တ်အစားများ (၁၀) တန်ခန့် ထပ်မံ၍ အလှူခံရရှိထား ပါသည်။
Labels:
News
Subscribe to:
Posts (Atom)