ဂျပန်နိုင်ငံ၊ဆိုင်တမတက္ကသိုလ်မှမြန်မာကျောင်းသားများနှင့် ကျောင်းသားဟောင်း များမှဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံခဲ့ကြရသော မြန်မာနိုင်ငံမှဒုက္ခသည်များ ကိုပေးပို့ကူညီရန် အ၀တ်အထည်များကို စတင်စုဆောင်းအလှူခံ လျက်ရှိပါသည်။ ဤကဲ့သို့စုဆောင်းရာတွင် ဒေသခံကျောင်းသားများနှင့် ဂျပန်လူမျိုးများထံမှ သာမက၊ ဂျပန်နိုင်ငံ အခြားအရပ်ဒေသများရှိ မြန်မာလူမျိုးများ၊ မြန်မာကျောင်းသားမှလဲ မိမိတို့အစီအစဉ်ဖြင့် စုဆောင်း ၍ပါဝင်ပေးပို့ လှူဒန်းလျက်ရှိပါသည်။ စုဆောင်း လက်ခံရရှိသောအ၀တ်အထည်များကို မြန်မာနိုင်ငံမှ မည်သည့်အဖွဲ့အစည်းနှင့် ဆက်သွယ်လှူဒန်း နိုင်မည်ကို အတိအကျမဆုံးဖြတ် ရသေးသော်လည်း ဒုက္ခသည်များထံတိုက်ရိုက် ပို့ဆောင်ဖြန်ဖြူးပေးနိုင်မည့် သူများ၊ အဖွဲ့အစည်းများ နှင့်ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။ အ၀တ်အထည်ပေးပို့လှူဒန်း လိုသူများ၊ ပေးပို့စရိတ် ပါဝင်လှူဒန်း လိုသူများ အနေဖြင့် အောက်ဖော်ပြပါ တယ်လီဖုန်းနံပါတ်များသို့ ၁၅-၀၆-၂၀၀၈ နောက်ဆုံးထား၍ ဆက်သွယ် မေမြန်းစုံစမ်းနိုင်ပါသည်။
ဆက်သွယ်ရန်......
၁. ကိုသန့်စင် (၀၉၀-၉၃၇၆-၆၈၇၀)
၂. ကိုအောင်ကိုစိုး (၀၉၀-၉၉၇၀-၀၇၅၇)
၃. ကိုအောင်နန္ဒ (၀၉၀-၄၄၃၈-၀၁၈၀)
၎. ကိုကြည်မင်းထွတ် (၀၈၀-၃၄၄၂-၁၀၆၅)
၅. ကိုဝဏမျိုးမြတ် (၀၉၀-၄၂၂၇-၄၆၀၇)
Sunday, May 25, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment